Saturday, December 25, 2010
Monday, December 13, 2010
Thursday, December 9, 2010
တရားတော်များနာယူရန်
(၁) ခဏကောင်းကို မလွန်မိပါစေနဲ့တရားတော် (၂-၂-၁၉၆၀)
(၂)ပဋိစ္စသမုပ္ပါဒ် အကြောင်းနှင့် အကျိုးတရားနာနေကြပုံ (၂၂-၁-၁၉၆၀).
(၃)မဂ်ဉာဏ်လိုချင်လျှင် ၀ိပဿနာအားထုတ်ပါ (၁၀-၁-၁၉၆၀).
(၄)ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အသိနှင့်ပထမပယ်နည်း(ရှင်အနုရာဓ-၂)(၁၀-၃-၁၉၆၀)
(၅)ခန္ဓာဖြစ်စဉ်ကို စက်ဝိုင်းထောက်ပြ၍ ဟောတော်မူပုံ (၁၂-၁၂-၁၉၆၁)
(၆) အိမ်တွင်း ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၆-၁၂-၁၉၆၀)

Monday, December 6, 2010
ရွှေတိဂုံစေတီတော် နှင့် ဘုရားရှိခိုး
via burmaborn.com မှ ကူးယူ ပူဇော်ထားပါသည်။
ရွှေတိဂုံစေတီတော် ဘုရားရှိခိုး
အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျာတည့် ၊ မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ ၊ ပလ္လင်မြေမှ ၊ လှည့်ချွေစိုးစံ ၊ သတ်ဌာနံတွင် ၊ ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေ၀ယ် ၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာတူးလှ ၊ တဖုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့ ၊ ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍ ၊ နှစ်ပါးမွှေးထုံ ၊ သရဏဂုံနှင့် ၊ ရှစ်စုံဆံမြတ် ၊ သရီရဓာတ်ကို ၊ ရလတ်သောအခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေ၀ါအများ ၊ မိုဃ်းသိကြားတို့၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင် ၊ တိဂုံရှင်ကို ၊ ဖူးမြင်စေငှာ ၊ ဌာပနာ၏ ၊ ရှေးခါရိတ်မြုံ ၊ စံကြတုံသည် ၊ သံ.ဂုံ.ပ.ရှင် ၊ ထွတ်သခင်တို့ ၊ နောင်လျှင်မျှော်ဆ၊ ကောင်းကျိုးရဖို့ ၊ ဓမ္မကရိုက် ၊ ခြောက်ရောင်ဆိုင်နှင့် ၊ လင်းပိုင်ရေသနုပ် ၊ ဆန်းစွာလုပ်သည့် ၊ လက်ဆုပ်တောင်ဝှေး ၊ ဂုဏ်ရောင်ပြေးလျက် ၊ ကြိုင်မွှေးပျံ့သင်း ၊ ဤတောင်မင်း၌ ၊ သီတင်းသုံးရာ ၊ မှန်ခဲ့ပါ၏ ၊ လေးခြာစုပုံ ၊ တေးဓာတ်စုံသား ၊ တိဂုံဆံရှင် ၊ မြတ်သခင်ကို အိပ်လျှင်ရှိခိုး ၊ နီးလျှင် ဓိဋ္ဌာန်ပြည်နိဗ္ဗာန်ကို ၊ အမှန်ရောက်ရပါလိုသော မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။
ဘုရားရှိခိုး အမျိုးမျိုး-မူဟောင်းနှင့် ၀တ်ရွတ်စဉ် စာအုပ်မှ...
Saturday, December 4, 2010
Thursday, December 2, 2010
Subscribe to:
Posts (Atom)