Pages

Monday, July 12, 2010

ပွင့်တော်မူပြီးသောဘုရားရှင်များ



ဆုံး စ မ ထင် သော သံ သ ရာ တ လျှောက် တွင် ဂင်္ဂါ ၀ါ လု သဲ စု မ က သော ဘု ရား များ ပွင့် ခဲ့
ကြ သည်။( သမ္ဗုဒ္ဓေ ဂါ ထာ )
ဗုဒ္ဓ ၀င်တို.တွင် ထင်ရှားသည်မှာ ( ၂၈ )ဆူသော ဘုရားများဖြစ်သည်။

ဂေါတမ ဘုရားရှင် ဖြစ်လာမည်. သုမေဓါ ရှင် ရသေ.အား " နောင် ဘဒ္ဒ ကမ္ဘာတွင်
ဂေါတမ
အမည်ဖြင်. ဘုရား ဖြစ်မည် "ဟု ဗျာဓိတ်ပေးသော " ဒီပင်ကရာ" ဘုရားရှင်
ပွင်.တော်မူသော
" သာရမဏ္ဍ ကမ္ဘာ" တွင် ပွင်.တော်မူကြသော ဘုရားရှင် များ မှ ဂေါတမ ဘုရားရှင်
အထိ
ဘုရားရှင် ၂၈ -ဆူ ရှိလေသည်။ဤဘုရားရှင်များကို
နှစ်ကျိပ်ရှစ်ဆူဘုရားများဟုခေါ်ဝေါ် ပူဇော်ကြပါသည်။


ဘု ရား ပွင်.သော ကမ္ဘာ များ
ကမ္ဘာအသစ်တစ်ခု
ဖြစ်လာသည်နှင်. ကြာပွင်.ကြီးများ နှင့် သင်္ကန်းများလဲ ဖြစ်ထွန်းပါလာသည် ဆို၏

ထိုသို. ကြာပွင်.ကြီးများ နှင့် သင်္ကန်းမပါသော ကမ္ဘာကို " သုညကမ္ဘာ "
ဟုခေါ်ဆိုကြသည် ။
ကြာပွင်.ကြီးများ နှင့် သင်္ကန်းများအရေအတွက်အတိုင်း ဤကမ္ဘာတွင်
ဘုရားဘယ်နှစ်ဆူပွင်.မည် ဟု ဗြဟ္မာကြီးများမှ ကြိုတင်သိရှိကာ
ဘုရားလောင်းတောထွက်လာသောအချမှ ကပ်လှူရန် သင်္ကန်းများကို
သိမ်းဆည်းထားလိုက်ကြသည်
ဆို၏။
၁။ ဘုရားရှင် ၁ -ဆူ ပွင်.သော ကမ္ဘာ ကို " သာရ ကမ္ဘာ " ၊


၂။ ဘုရားရှင် ၂ -ဆူ ပွင်.သော ကမ္ဘာ ကို " မဏ္ဍ ကမ္ဘာ ၊


၃။ ဘုရားရှင် ၃ -ဆူ ပွင်.သော ကမ္ဘာ ကို " ၀ရ ကမ္ဘာ " ၊


၎။ ဘုရားရှင် ၄ -ဆူ ပွင်.သော ကမ္ဘာ ကို " သာရမဏ္ဍ ကမ္ဘာ "၊


၅။ ဘုရားရှင် ၅ -ဆူ ပွင်.သော ကမ္ဘာ ကို " ဘဒ္ဒ ကမ္ဘာ " ဟု ခေါ် ဝေါ်ကြသည်။


၂၈ - ဆူသော ဘုရားများသည် -
" သာရ ကမ္ဘာ " ၄- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၄-ဆ၊ူ
" မဏ္ဍ ကမ္ဘာ " ၃- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၆-ဆူ၊
" ၀ရ ကမ္ဘာ " ၂- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၆-ဆူ၊
" သာရမဏ္ဍကမ္ဘာ " ၂- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၈-ဆူ၊
" ဘဒ္ဒ ကမ္ဘာ " ၁- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၅-ဆူ …
သို.သော် " ဘဒ္ဒ ကမ္ဘာ " တွင် " အရိမေတ္တေယျ " ဘုရားရှင် ပွင်.ရန်
ကျန်သေးသောကြောင်.
ပထမ" သာရ ကမ္ဘာ " တွင် ပွင်.သော " တဏှင်္ကရာ " ဘုရားရှင် မှ " ဘဒ္ဒ ကမ္ဘာ " မှ ၎
-ဆူမြောက်
ဂေါတမ ဘုရားရှင် အထိ ၂၈ -ဆူ ရှိလေသည်။


အစဉ် အတိုင်း အားဖြင်. -

ပထမ သာရမဏ္ဍကမ္ဘာ တွင် -တဏှင်္ကရာ ၊ မေဓင်္ဂရာ ၊ သရဏှင်္ဂရာ ၊ ဒီပင်္ကရာ
ဘုရားရှင်များ။
ပထမ သာရ ကမ္ဘာ တွင် - ကောဏ္ဍည ဘုရား ။
ဒုတိယ သာရမဏ္ဍကမ္ဘာ တွင် - မင်္ဂလ ၊ သုမန ၊ ရေ၀တ ၊ သောဘိတ ဘုရားရှင်များ။
ပထမ ၀ရ ကမ္ဘာ တွင် - အ နောမဒဿီ ၊ ပဒုမ ၊နာရဒ ဘုရားရှင်များ။
ဒုတိယ သာရ ကမ္ဘာ တွင် - ပဒုမုတ္တရ ဘုရား ။၊
ပထမ မဏ္ဍ ကမ္ဘာ တွင် - သုမေဓာ ၊ သုဇာတာ ဘုရားရှင်များ။
ဒုတိယ ၀ရ ကမ္ဘာ တွင် - ပိယဒဿီ ၊ အတ္ထဒဿီ ၊ဓမ္မဒဿီဘုရားရှင်များ။
တတိယ သာရ ကမ္ဘာ တွင် - သိဒ္ဓတ္ထ ဘုရား ။၊
ဒုတိယ မဏ္ဍ ကမ္ဘာ တွင် - တိဿ ၊ ဖုဿ ဘုရားရှင်များ။
စတုတ္ထ သာရ ကမ္ဘာ တွင် - ၀ိပဿီဘုရား ။၊
တတိယ မဏ္ဍ ကမ္ဘာ တွင် - သိခီ ၊ ဝေဿဘူ ဘုရားရှင်များ။
ဘဒ္ဒ ကမ္ဘာ တွင် - ကကုသန် ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါတမ ဘုရားရှင်များ။


ဘုရားမပွင်.သော ကမ္ဘာများ ။ ။

ပထမ သာရမဏ္ဍကမ္ဘာ မှ ဒီပင်္ကရာဘုရား နှင့် ပထမ သာရ ကမ္ဘာမှ ကောဏ္ဍည ဘုရား အကြားတွင်
မရေတွက်နိုင်သော
ကမ္ဘာများ ပါဝင်သည့် သေလအသင်္ချေ ခေါ် တစ် သင်္ချေ ။


ပထမ သာရ ကမ္ဘာမှ ကောဏ္ဍည ဘုရား နှင့် ဒုတိယ သာရမဏ္ဍကမ္ဘာ မှ မင်္ဂလ ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် ဘာသ အသင်္ချေ ခေါ် တစ် သင်္ချေ ။


ဒုတိယ သာရမဏ္ဍကမ္ဘာ မှ သောဘိတ ဘုရား နှင့် ပထမ ၀ရကမ္ဘာ မှ အ နောမဒဿီ ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် ဇယ အသင်္ချေ ခေါ် တစ် သင်္ချေ ။

ပထမ ၀ရကမ္ဘာ မှ နာရဒ ဘုရား နှင့် ဒုတိယ သာရကမ္ဘာ မှ ပဒုမုတ္တရ ဘုရား အကြားတွင်
မရေတွက်နိုင်သော
ကမ္ဘာများ ပါဝင်သည့် ရုစိရ အသင်္ချေ ခေါ် တစ် သင်္ချေ ။


ထို.ကြောင်. စုစုပေါင်း ( ၄ ) သင်္ချေ ဖြစ်သည်။ (ဂေါတမ ဘုရားရှင် ပါရမီဖြည်.ရသော ကာလ၏ ( ၄ )
သင်္ချေ )

——————————–
ဒုတိယ သာရကမ္ဘာ မှ ပဒုမုတ္တရ ဘုရား နှင့် ပထမ မဏ္ဍကမ္ဘာ မှ သုမေဓာ ဘုရား
(၂)ဆူအကြားတွင်
ဘုရားမပွင်.သော ကမ္ဘာပေါင်း ခုနှစ်သောင်း ( ၇၀ ၀၀၀)။


ပထမ မဏ္ဍကမ္ဘာ မှ သုဇာတာ ဘုရား နှင့် ဒုတိယ ၀ရကမ္ဘာ မှ ပိယဒဿီ ဘုရား (၂)ဆူအကြားတွင်
ဘုရားမပွင်.သော ကမ္ဘာပေါင်ုးနှစ်သောင်း ရှစ်ထောင့် နှစ်ရာ( ၂၈၂၀၀ ) ။


ဒုတိယ သာရကမ္ဘာ မှ ဓမ္မဒဿီ ဘုရား နှင့် တတိယ သာရ ကမ္ဘာ မှ သိဒ္ဓတ္ထဘုရား (၂)ဆူအကြားတွင်
ဘုရားမပွင်.သော ကမ္ဘာပေါင်း တစ်ထောင့် ခုနှစ်ရာ့ ငါး (၁၇၀၅) ကမ္ဘာ။


တတိယ သာရ ကမ္ဘာ မှ သိဒ္ဓတ္ထဘုရား နှင့် ဒုတိယ မဏ္ဍ ကမ္ဘာ မှ တိဿ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော
ကမ္ဘာပေါင်း တစ် (၁) ကမ္ဘာ။


စတုတ္ထ သာရ ကမ္ဘာမှ ၀ိပဿီ ဘုရား နှင့် တတိယ မဏ္ဍ ကမ္ဘာ မှ သိခီ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း ငါးဆယ့်ကိုး ( ၅၉ ) ကမ္ဘာ။


တတိယ မဏ္ဍ ကမ္ဘာ မှ ဝေဿဘူ ဘုရား နှင့် ဘဒ္ဒ ကမ္ဘာ မှ ကကုသန် ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း နှစ်ဆယ့်ကိုး ( ၂၉ ) ကမ္ဘာ။

ထို.ကြောင့် ကမ္ဘာစုစုပေါင်း( ၉၉၉၀၄ ) ကိုးသောင်း ၊ကိုးထောင် ၊ ကိုးရာ့ လေး
ကမ္ဘာ ရှိပါသည်
။ မှတ်သားရလွယ်စေရန် ဂေါတမ ဘုရားရှင် ပါရမီဖြည်.ရသော ကာလမှာ ( ၄ ) သင်္ချေ
နှင့်
ကမ္ဘာ တစ်သိန်း
ဟု သာ ရေးသားကြသည် ..ထင်ပါသည်။


ဘု ရား အဖြစ်ရောက်တော်မူကြခြင်း


ဘုရားရှင်တို. သည် အ ကုသိုလ် နည်းပါး (၀ါ) မထင်ရှားသော လူ.သက်တမ်း တစ်သိန်း ဧ။် အထက် နှင်.
ကုသိုလ် နည်းပါး (၀ါ) မထင်ရှားလွန်းသော လူ.သက်တမ်း တစ်ရာတမ်းဧ။် အောက်တွင်
မပွင်.တော်မူကြပေ။အ ကုသိုလ် နှင်. ကုသိုလ် ရောထွေးနေသော တစ်သိန်း နှင်.
တစ်ရာတမ်း ကြားတွင် ပွင်.တော်မူကြသည်။


၁။ တဏှင်္ကရာ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၇ ) ရက် ကျင်.ကာ ဗောဒိ
စရည်း( ကံ့ကော်)ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂။ မေဓင်္ဂရာ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၈ ) လ ကျင်.ကာ ဗောဒိပေါက် (
သရက်ဖြူ ) ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၃။ သရဏှင်္ဂရာ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၁) လ ကျင်.ကာ
ဗောဒိသခွပ်(ညောင်ကြတ် ) ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၎။ ဒီပင်္ကရာ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၇ ) ရက် ကျင်.ကာ ဗောဒိ
ညောင်ကြတ်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၅။ ကောဏ္ဍည ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၁၀ ) လ ကျင်.ကာ ဗောဒိ
ကြောင်လျှာပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၆။ မင်္ဂလ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၈ ) လ ကျင်.ကာဗောဒိ ကံကော်ပင်အောက်
တွင် ဘုရားဖြစ်တော်မူသည်။


၇။ သုမန ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ (၁၀) လ ကျင်.ကာ ဗောဒိကံကော်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၈။ ရေ၀တ ဘုရားရှင် သည် လူ.သက်တမ်း ၆ သောင်း တွင် ဒုက္ကရစရိယာ (၇) လ ကျင်.ကာ ဗောဒိကံကော်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၉။ သောဘိတ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ (၄) လ ကျင်.ကာ ဗောဒိကံကော်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၀။ အ နောမဒဿီ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၁၀ ) လ ကျင်.ကာ
ဗောဒိဖောက်ကြံ.(ထောက်ကြံ့)ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၁။ ပဒုမ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၈ ) လသာ ကျင်.ကာ ဗောဒိ
ကြောင်လျှာပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၂။ နာရဒ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၇ ) ရက်သာ ကျင်.ကာ ဗောဒိ
ကြောင်လျှာပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၃။ ပဒုမုတ္တရ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၇ ) ရက်သာ ကျင်.ကာ
ဗောဒိ ထင်းရှူးပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၄။ သုမေဓာ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၈ ) လ ကျင်.ကာဗောဒိ
တမာပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၅။ သုဇာတာ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၉ ) လ ကျင်.ကာဗောဒိဝါးပင်(ကြခတ်
) ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၆။ ပိယဒဿီ လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ (၆) လသာ ကျင်.ကာ ဗောဒိရေကတက်ပင်အောက် တွင်
ဘုရားဖြစ်တော်မူသည်။


၁၇။ အတ္ထဒဿီ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၈ ) လသာ ကျင်.ကာ ဗောဒိ
စကားပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၁၈။ ဓမ္မဒဿီ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၇ ) ရက်သာ ကျင်.ကာ ဗောဒိ လိပ်ဆူးရွှေပင်အောက်
တွင် ဘုရားဖြစ်တော်မူသည်။


၁၉။ သိဒ္ဓတ္ထ ဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၁၀ ) လ ကျင်.ကာ
ဗောဒိမဟာလှေကားပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၀။ တိဿဘုရားရှင် သည် လူ.သက်တမ်း တစ်သိန်း တွင် ဒုက္ကရစရိယာ ( ၈) လ ကျင်.ကာဗောဒိ
ပိတောက်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၁။ဖုဿ ဘုရားရှင် သည် လူ.သက်တမ်း ၉ သောင်း တွင် ဒုက္ကရစရိယာ ( ၆ ) လ ကျင်.ကာဗောဒိသျှိ
သျှားပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၂။ ၀ိပဿီဘုရားရှင် သည် လူ.သက်တမ်း ၈ သောင်း တွင် ဒုက္ကရစရိယာ ( ၈ ) လသာ ကျင်.ကာ ဗောဒိ
သခွတ်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၃။ သိခီ ဘုရားရှင် သည် လူ.သက်တမ်း ၇- သောင်း တွင် ဒုက္ကရစရိယာ (၈) လ ကျင်.ကာ ဗောဒိသရက်ဖြူပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၄။ ဝေဿဘူ ဘုရားရှင် သည် လူ.သက်တမ်း ၆- သောင်း တွင် ဒုက္ကရစရိယာ ( ၆) လသာ ကျင်.ကာ ဗောဒိ
အင်ကြင်းပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၅။ ကကုသန်ဘုရားရှင် သည် လူ.သက်တမ်း ၄- သောင်း တွင် ဒုက္ကရစရိယာ ( ၁၀ ) ရက်သာ ကျင်.ကာ
ဗောဒိ ကုက္ကိုပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၆။ ကောဏဂုံ ဘုရားရှင် သည် လူ.သက်တမ်း ၃- သောင်း တွင် ဒုက္ကရစရိယာ (၁) လသာ ကျင်.ကာ ဗောဒိ ရေသဖန်း ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၇။ ကဿပ ဘုရားရှင် သည် လူ.သက်တမ်း ၂- သောင်း တွင် ဒုက္ကရစရိယာ ( ၆ ) ရက်သာ ကျင်.ကာ ဗောဒိ
ပညောင်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


၂၈။ ဂေါတမ ဘုရားရှင် သည် လူ.သက်တမ်း ၁၀၀ - တမ်း တွင် ဒုက္ကရစရိယာ ( ၆ )နှစ် ကျင်.ကာ
ဗောဒိညောင်ပင်အောက် တွင် ဘုရားဖြစ်တော်မူသည်။


( အ ကုသိုလ် ပေါများ၊ ဆန်းပြားသော ဒိဠိ အယူအဆ မျိုးစုံ ပေါနေသော ကာလ တွင် ပွင်.တော်မူရသော
ဘုရားဖြစ်သည်။)


" ဘဒ္ဒ ကမ္ဘာ " တွင် ပွင်.ရန် ကျန်သေးသော အရိမေတ္တေယျ ဘုရားရှင် လူ.သက်တမ်း တစ်သိန်း(ဗုဒ္ဓ၀ံသ
ပါဠိတော် နှင့် ဆရာတော် ရှင်ဥာဏိသာရ )၊ ( ဒီဃနိကယ် ၊ ပါထိက၀ဂ် -
စက္က၀တ္တိသုတ်တော်
တွင် ၈-သောင်း ) တွင် ဒုက္ကရစရိယာ ( ၆ ) ရက်သာ ကျင်.ကာ ဗောဒိ ကံကော်ပင်အောက်
တွင်
ဘုရားဖြစ်တော်မူမည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် မပါဝင် ပါ ။



နှစ်ကျိပ်ရှစ်ဆူ ဘုရား ရှစ်ခိုး
" တ မေ
သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။ "



စာရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ .......


မှတ်ချက်။ ။ရွှေမြန်မာဥယျာဉ်မှတဆင့်ကူးယူဖော်ပြပါသည်

Sunday, July 11, 2010

တရားထိုင်ခြင်းဖြင့် နှလုံးနှင့်ဆက်စပ်ရောဂါများ လျော့ပါးသက်သာစေနိုင်




သမာဓိတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းစသည့် စိတ်လေ့ကျင့်ခန်းများသည် နှလုံးနှင့် ဆက်စပ်ရောဂါများကို လျော့ပါးသက်သာစေကြောင်း
ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၁၉၆၀)ပြည့်လွန် နှစ်များကတည်းက လေလွင့်ဟစ်ပီများသည် နှလုံးနှင့် ပတ်သက်သော ရောဂါများနှင့်
စိတ်ဖိစီးမှု ဝေဒနာတို့ကို ပျောက်ကင်းစေကြောင်း ယုံကြည်လေ့ကျင့်ခဲ့သော်လည်း တိတိကျကျ သုတေသနမှတ်တမ်းမူ မရှိခဲ့ပေ။ ယင်းကဲ့သို့ စိတ်၏တည်ငြိမ်မှု လေ့ကျင့်ခန်းများကို ကမ္ဘာကျော် Beatles အဖွဲ့ဝင်များ၊ ကလင့်အိစ်ဝုဒ်၊ ဒေးဗစ်လင့်ခ်ျစသည့် ကမ္ဘာကျော် အနုပညာရှင်များကလည်း စနစ်တကျ ကျင့်သုံးလေ့လာဖူးသည်။ မဟာရီရှီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာရောဘတ် ရှင်းဒလားက လေ့လာမှုများအရ တရားထိုင်ခြင်းကို စွဲမြဲစွာ ပြုလုပ်သူများသည် နှလုံးသွေးကြောတွင် ဖြစ်ပွားတတ်သော ရောဂါများ ပေါ်ပေါက်လာနိုင်မှုကို သာမန်ထက် (၄၇)ရာခိုင်နှုန်း ကျဆင်းသွားစေကြောင်း ထောက်ခံခဲ့သည်။ ဒေါက်တာရှင်းဒလားနှင့် အဖွဲ့သည် အာဖရိကန်-အမေရိကန် ကပြားအမျိုးသမီး (၂၀၁)ဦးတို့၏ နှလုံးသွေးကြောကျဉ်း ရောဂါကို တရားထိုင်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် အဖွဲ့များခွဲကာ ကုသပေးခဲ့သည်။ ယင်းတို့အနက် တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်သော အဖွဲ့သည် အခြားနည်းလမ်းများထက် အကျိုးသက်ရောက်မှု များပြားသလို သေနှုန်းလည်း အလွန်နည်းကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၉)နှစ်ကြာ ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ တရားထိုင်ခြင်း၊ သမထထူထောင်ခြင်းစသော လုပ်ငန်းများသည် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်ကြောင်း ပညာရှင်များက သိရှိလာရသည်။ ဒေါက်တာရှင်းဒလားက "ဆေးရုံမှတ်တမ်းတွေနဲ့ တရားထိုင်မှုကြောင့် နှလုံးကျန်းမာရေးကို ဘယ်လိုဆက်နွယ်နေမလဲ အသေးစိတ် လေ့လာတာ ဒါပထမဆုံးအကြိမ်ပါ။ ရလဒ်တွေက ကျေနပ်စရာ ကောင်းပါတယ်"ဟု ပြောဆိုသွားသည်။ တရားထိုင်ခြင်းသည် နှလုံးရုတ်တရက် ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်းစသော အခြေအနေများကို ကာကွယ်ရန်လည်း အလွန်ထိရောက်သော ကာယလေ့ကျင့်ခန်းတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။

via Everyone's Blog Posts - FOREVER FRIENDS ထာဝရသူငယ်ချင်းများ by Ko Gyi on 20/06/10

ဗုဒ္ဓသာသနာ့အလံ

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် "ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ" ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က "ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်" အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ "ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း" ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် မှ မှီငြမ်းရေးသားပါသည်။

သာသနာ့အလံ

သာသနာ့ အလံအကြောင်း အပြည့်အစုံကို အစ်မရွှေပြည်သူ ဘလော့မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဖတ်လိုက်ရင် ပိုမို ပြည့်စုံစွာ သိရမှာပါ။
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။


အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ "ပဘဿရ" (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။

သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…



ရေးသားသူ အောင်ဦး ရေးသားချိန် 4.8.09
Related Posts Plugin for WordPress, Blogger...